Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

သီတဂူ အာရောဂျဒါန ဆေးရုံတော် (ထားဝယ်)

(ထားဝယ်)သီတဂူ စက္ခုဒါန

ထားဝယ်သီတဂူစက္ခုဒါနဆေးရုံ ဖုန်း-၀၉ ၈၇၅၀၁၇၉ -၀၅၉ ၂၃၄၅၄
သီတဂူဆရာတော်ကြီး သည် (၁၀.၂.၂၀၁၁) ရက်နေ့တွင် လေယာဉ် ဖြင့် ထားဝယ်မြို့
သို့ ကြွရောက်ပြီး (၁၀.၂.၂၀၁၁) ရက်နှင့် (၁၁.၂.၂၀၁၁)ရက်များတွင်
သီတဂူဆရာတော်ကြီး မှဂရုဏာတရားတော် မြတ်များကို ဟောကြားပေးလှူသည် ။

၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (၁၂.၂.၂၀၁၁) ပြည်ထောင်စုနေ့တွင်
တနင်္သာရီတိုင်း ထားဝယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကို
အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို
ထားဝယ်မြို့သူ မြို့သားများက ကျပ်သိန်း (၄၅၀၀) ဆောက်လုပ်လှူဒါန်းပြီး
ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူ
နာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က
လှူဒါန်းသည်။-


ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး
စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး
ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထားဝယ်) ဆေးရုံသည်
သီတဂူဆေးရုံများ၏ ၉ ခုမြောက်ဖြစ်သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ
ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့်
လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ
မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ
လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုး၊ ဘာသာမခွဲခြားဘဲ
ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ
ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။

ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာဝန်ကြီးများမှာ---

၁။ ဒေါက်တာ မြအောင်

၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)

၃။ ဒေါက်တာ စဂျေလွင်

၎။ ဒေါက်တာ ပွင့်ဦး

၅။ ဒေါက်တာ တင့်ဇော်ဦး

၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထားဝယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊
တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊
မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။

၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ
စမ်းသပ်စစ်ဆေး- လူနာ ၁၆၃၀ ဦး နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၄
ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။

ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး
လူမှုရေးလုပ်ငန်းများကို ပါဝင်ပြီး ကာယဒါန ပြုကြသော
ထားဝယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ
လှူဒါန်းကြသော ထားဝယ်သူ ထားဝယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ
အလှူရှင်များ၊ ဥာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ်
အရပ်ရပ်ရှိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့်
အခြားကုသိုလ်ရှင်များ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။




သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်)

အထောက်ကူပြုအဖွဲ

0 Comments
Add a Comment